Yattaw

School for Community Studies

  • HOME
  • LIBRARY
    • Audio Book
    • Article
    • Bookshelf
  • OUR PROGRAM
  • GALLERY
  • ABOUT
  • CONTACT
  • Home
  • -
  • library
  • -
  • Article
  • -
  • ဒီရေတောတွေက ဘာကြောင့်အရေးပါတာလဲ။

ဒီရေတောတွေက ဘာကြောင့်အရေးပါတာလဲ။

  • By: admin
  • February 4, 2023
  • 4 Comments

    ဒီရေတောများသည် တစ်ချိန်က ယေဘုယျအားဖြင့်သီးနှံမဖြစ်ထွန်းသော ရွှံ့နွံမြေများအဖြစ် စွန့်ပစ်ခြင်းခံခဲ့ရသည်။ ယခုအခါ စီမံကိန်းရေးဆွဲသူများ၊ သိပ္ပံပညာရှင်များ၊ ကမ်းရိုးတန်းတွင်နေထိုင်သူများသည် ဒီရေတောများကို ထူးခြားကွဲပြားပြီး အရေးကြီးသောဂေဟစနစ်များအဖြစ်တန်ဖိုးထားလာကြသည်။ ဒီရေတောများ၊ ပင်လယ် မြက်ခင်းများ၊ သန္တာကျောက်တန်းများသည် ကမ်းရိုးတန်းဒေသများကို တည်မြဲနေစေရန်ထိန်းသိမ်းသည့် တစ်ခု တည်းသောစနစ်အဖြစ် လုပ်ဆောင်လျက်ရှိသည်။ ဒီရေတောများသည် ထောင်ပေါင်းများစွာသော မျိုးစိတ်များ အတွက် မရှိမဖြစ်လိုအပ်သောနေရာဖြစ်သည်။ ၎င်းတို့သည် ကမ်းရိုးတန်းဒေသများကို တည်တံ့စေပြီး ကုန်းမြေ များကို မုန်တိုင်းနှင့် လှိုင်းများ တိုက်စားမှုဒဏ်မှ တားဆီးပေးသည့်အပြင် ထိုဒေသတွင်နေထိုင်သော လူများကို လည်း ကာကွယ်ပေးပါသည်။

    ဒီရေတောဂေဟစနစ်၏ အဓိကသော့ချက်
    ဒီရေတောများ၊ ပင်လယ်မြက်ခင်းပြင်များ၊ သန္တာကျောက်တန်းများသည် မကြာခဏ အတူတွေ့ရလေ့ရှိပြီး သိသာထင်ရှားစွာ ပူးပေါင်း လုပ်ဆောင်တတ်ကြသည်။ သစ်ပင်များသည် ပင်လယ်ထဲသို့စီးဆင်းသွားမည့် အညစ်ကြေးများ နှင့် အနည်အနှစ်များကို စုပ်ယူထားသည်။ ပင်လယ်မြက်ခင်းပြင်များသည် သန္တာကျောက်တန်းများကို ညစ်ညမ်းစေမည့် နုန်းနှင့် ရွှံ့များကို တားဆီးပေးသည့်အတားအဆီး တစ်ခုလည်းဖြစ်သည်။ အပြန်အလှန်အားဖြင့် သန္တာ ကျောက်တန်းများသည် ပင်လယ်မြက်ခင်းပြင်နှင့် ဒီရေတောများကို အားကောင်းသောလှိုင်းလုံးများဒဏ်မှ ကာကွယ်ပေးသည်။ ဒီရေတောများမရှိလျှင် မယုံနိုင်လောက်အောင်ဖြစ်ထွန်းသောဂေဟစနစ်များ ပြိုလဲသွားနိုင်သည်။
    “ငါးတွေအတွက် ဒီရေတောတွေဟာ သူငယ်တန်းကျောင်းနှင့်တူတယ်၊ ပင်လယ်မြက်ခင်းပြင်တွေက အလယ်တန်း ကျောင်းတွေဖြစ်ပြီး သန္တာကျောက်တန်းတွေက အထက်တန်ကျောင်းနဲ့ ကောလိပ်တွေပဲ။ ငါးတွေက တစ်ကြိမ် လောက်တော့ တက္ကသိုလ်ကနေဘွဲ့ရပြီး မျိုးပွားဖို့ သူငယ်တန်းကျောင်းတွေကိုပြန်သွားကြရတယ်” လို့ ခွန်ပဆစ်, ထိုင်းနိုင်ငံ ရက်ဖွန်းဒီရေတောများထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းကို ပူးတွဲတည်တောင်သူက ဆိုပါသည်။

    ထိန်းကျောင်းပေးသည့်နေရာများ
    ဒီရေတောများသည် ကမ္ဘာ၏ ငါး၊ ပုစွန်၊ ဂဏန်းများ နှင့်အခြားသောအခွန်မာရေသတ္တဝါများအတွက် မျိုးပွားရာ စံပြနေရာတစ်ခု ဖြစ်သည်။ Barracuda ဟု ခေါ်သော ချွန်ထက်သောသွားများရှိသည့် အပူပိုင်းဒေသငါးကြီး (သို့ ) ငါးကျည်ပွေ့ Tarpon နှင့် Snook ကဲ့သို့သောများစွာသောငါးမျိုးစိတ်များသည် အရွယ်ရောက်လာသည် နှင့် အမျှ ဒီရေတော များကိုအမိုးအကာဖြစ် ရှာဖွေကြပြီး ကြီးထွားလာသည်နှင့်အမျှ ပင်လယ်မြက်ခင်းပြင်များကို အစာရှာဖွေရန် ဦးတည်ထွက်သွားတတ်ကြသည်။ စီးပွားဖြစ်ဖမ်းဆီးရမိသော ငါးများ၏ ၇၅ ရာခိုင်နှုန်းသည် ဒီရေတော များတွင် သို့မဟုတ် အဆိုပါကမ်းရိုးတန်းသစ်တောများနှင့် ဆက်နွယ်လျက်ရှိသော အစာကွန်ရက်များ ပေါ်တွင် မှီခိုနေရ သည်။

    များစွာသောမျိုးစိတ်များ၏နေအိမ်
    ဒီရေတောများသည် အဏ္ဏဝါနှင့် သစ်တောအစာကွန်ရက်အဆင့်တိုင်းတွင်ရှိသော ဘက်တီးရီးယားများ၊ ခရင်း ကောင်များမှသည် ဘင်္ဂလားကျားများအထိ မျိုးစိတ်ထောင်ပေါင်းများစွာအတွက်နေရာဖြစ်သည်။ သစ်ပင်များ သည် အင်းဆက်မျိုးစိတ်များကို ခိုလှုံစေပြီး ထူထဲသိပ်သည်းသောအကိုင်းအခက်များသည် ငှက်များကို အကာ အကွယ်ယူရန် ဆွဲဆောင်သည်။ အဆိုပါကမ်းရိုးတန်းသစ်တောများသည် ပိန်ညင်းငှက်များ၊ ငဟစ်ငှက်များ၊ ဝေသာလီဗျိုင်းများအပါအဝင် ထောင်ပေါင်းများစွာသော ကမ်းရိုးတန်းငှက်များနှင့် ရွှေ့ပြောင်း နေထိုင်သော ငှက်မျိုးစိတ်များ၏ အဓိကနေထိုင်ရာအသိုက်အမြုံလည်းဖြစ်သည်။ ဂဏန်းစားသည့် ပါးစောင်အိတ်ရှိသည့်‌ အမြီး တိုမျောက်နှင့် ဘာဘရီမျောက်ကြီးများ၊ ကျားသစ်များ၊ ဖွတ်ကြီးများ သည် ဒီရေတောများအကြားတွင် မျိုးတုံး လုနီးပါးဖြစ်သည့် မျိုးစိတ်များဖြစ်သည့် ပင်လယ်လိပ်များ၊ ရင်ဖြူလင်းယုန်များ၊ Tree climbing fish ခေါ် သစ်ပင်တက်ငါးမျိုးစိတ် – ဒေသအခေါ် ဗရင့်ကွေး၊ နှာခေါင်းရှည် ဘော်နီယွန်မျောက်များ၊ ရေကြံ့များနှင့်အတူ အမဲလိုက်လေ့ရှိကြသည်။ ထို့အပြင် လမုပင်အမြစ်များအောက်ရှိ နူးညံ့သောမြေသည် မြေတွင်းများတွင် နေထိုင်သည့် မျိုးစိတ်များဖြစ်သည့် ခရုများနှင့် ဂုံးများကို နေထိုင်နိုင်ရန်စွမ်းဆောင်ပေးသည်။ ဂဏန်းများ နှင့် ပုစွန်များကဲ့သို့သော အခြားမျိုးစိတ်များသည်လည်း မြေဩဇာကောင်းသောနေရာများတွင် ကျက်စားကြသည်။

    မျိုးစိတ်အများအပြားအတွက် အစားအသောက်
    ဒီရေတော တစ်ဧကစီမှ နှစ်စဉ်ကြွေကျလာသောသစ်ရွက်တန်ချိန်များသည် မယုံနိုင်လောက်အောင် ဖြစ်ထွန်းသော အစာကွန်ရက်များ၏ အခြေခံဖြစ်သည်။ အရွက်များဆွေးမြေ့လာသည်နှင့်အမျှ ၎င်းတို့သည် ကျောရိုးမဲ့သတ္တဝါများ နှင့် ရေညှိများအတွက် အစာအာဟာရများကိုထောက်ပံ့ပေးသည်။ ၎င်းတို့သည် ငှက်များ နှင့် ရေမြှုပ်ကောင်များ၊ တီကောင်များ၊ ဂျယ်လီငါးများ၊ အနီမိုနီပန်းများ၊ ပုစွန်၊ ငါးငယ်များကဲ့သို့သော သေးငယ်သောသက်ရှိများစွာကို အစာကျွေးသည်။ ဒီရေသည် ရွံ့မြေပြင်များ၊ မြစ်ဝများနှင့် သန္တာကျောက်တန်းများအကြားပျံ့နှံ့စေသည့်အတွက် ပင်လယ်ကြမ်းပြင်များတွင်နေထိုင်သော ယောက်သွားကဲ့သို့သော မျိုးစိတ်များကိုပါ အစာပေးသည်။

    သန့်ရှင်းသောရေ
    ဒီရေတောများသည် ဆားငန်ရေ နှင့် သန့်ရှင်းသောရေများ၏ဂေဟစနစ် နှစ်မျိုးလုံးကို ထိန်းကျောင်းပေးသည်။ ဒီရေတောများ၏ရှုပ်ထွေးသောအမြစ်ပုံစံများသည် မြစ်၊ ချောင်းများမှ ပင်လယ်ပြင်သို့သယ်ဆောင်လာမည့် နိုက်ထရိတ် နှင့် ဖော့စဖိတ်ဓာတ်များကို စစ်ထုတ်ပေးသည်။ ကုန်းတွင်းရေလမ်းကြောင်းများအတွင်းသို့ ပင်လယ် ရေများ ကျူးကျော်ဝင်ရောက်ခြင်းကိုလည်း ထိန်းသိမ်းပေးသည်။

    တည်တံ့သော ကမ်းရိုးတန်း
    ဒီရေတော၏အမြစ်များသည် ဒီရေများတွင်သယ်ဆောင်လာသော နုန်းနှင့်အနည်အနှစ်များကိုစုဆောင်းပြီး မြစ်များ သည် ပင်လယ်ဘက်သို့သယ်ဆောင်ပေးသွားကြသည်။ သစ်ပင်များသည် မြေဆီလွှာများကိုထိန်းထားခြင်းဖြင့် ကမ်းရိုးတန်းမြေများကို တိုက်စားခြင်းမှကာကွယ်ပေးသည်။ သဲသောင်ခုံများပေါ်တွင် အမြစ်ကုပ်ယူထားသော အပင်ပေါက်များသည် အချိန်ကြာလာသည်နှင့်အမျှ သဲသောင်ခုံများကိုတည်ငြိမ်လာစေပြီး ကျွန်းငယ်လေးများကို ပင် ဖန်တီးလာနိုင်သည်။

    မုန်တိုင်းဒဏ်မှ အကာအကွယ်
    ဒီရေအတက်အကျကြောင့်ဖြစ်လာသောရွှံ့နွံများကို ကျားကန်ပေးထားသော ထူထဲသောဒီရေတောများသည် ကုန်းမြေကို လေနှင့် လှိုင်းဒဏ်မှကာကွယ်ပေးသည့် ကြားခံဇုန်တစ်ခုအဖြစ်လုပ်ဆောင်ပေးသည်။ ပုဇွန်မွေးမြူ ရေးအတွက် ဒီရေတော များခုတ်လှဲခံရသောနေရာများသည် အဖျက်စွမ်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်းဒဏ် နှင့် ဒီရေလှိုင်းဒဏ်ကို ခံနိုင်ရည်အား ပိုမိုနည်းပါးသည်။

    လူသားများအတွက်အရင်းအမြစ်များ
    ဒီရေတောများသည် ကမ်းရိုးတန်းဒေသရှိလူများ၏ ဘဝရှင်သန်မှုနှင့် အသက်မွေးဝမ်းကျောင်းအတွက် မူတည်နေ သော အရင်းအမြစ်များစွာကိုထောက်ပံ့ပေးသည်။ ဒီရေကျချိန်တွင် လူများသည် ဂုံးကောင်များ၊ ဂျယ်လီငါးများ၊ ပုဇွန်များကိုစုဆောင်းရန် ဒီရေတက်လာသည့်မြေပြင်များ တစ်လျှောက်ဖြတ်သန်းသွားလာနိုင်ကြသည်။ ဒီရေ တက်ချိန်တွင် ငါးများ သည် အစာစားရန် လမုပင်အမြစ်များ၏ အကာအကွယ်အကြားကူးသွားကာ ကျက်စားကြပြီး စိမ့်မြေများကို ကြွယ်ဝပေါများသော ငါးဖမ်းကွင်းများအဖြစ်ပြောင်းသွားစေသည်။ ဒီရေတော သစ်ပင်များသည် လောင်စာများ၊ ဆေးဝါးများ၊ သဘာဝဖန်ရည်ဆေး၊ လှေနှင့် အိမ်များတည်ဆောက်ရန် သစ်သားများအဖြစ် ထောက်ပံ့ပေးသည်။

    ကိုးကား – The Importance of Mangrove Forests: Diverse Ecosystems | AMNH

    Related posts:

    1. KNOWLEDGE SHARING SESSIONS FOR BUILDING A RESILIENT COMMUNITY
    2. 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 – 𝗨𝗣𝗣
    3. THE WINDOWS – YOUTH TRAINING
    4. လွတ်လပ်စွာသင်ယူသူ (Freedom Learner)
    • ပညာနိုင်ငံတော် – အခန်း – ၂ (ဒီမိုကရေစီပညာရေး)
      Sayar Thein Naing (Maukkha Education) is the author of Education Nation which widely discusses the role of education in state-building. In this book, the importance of critical thinking, peace education, democratic values in classrooms, curriculum and education reform and the role of teacher and student unions were insightfully discussed. Related posts: ပညာနိုင်ငံတော် – အခန်း –… Read more: ပညာနိုင်ငံတော် – အခန်း – ၂ (ဒီမိုကရေစီပညာရေး)
    • ပညာနိုင်ငံတော် – အခန်း – ၁ (ပညာနိုင်ငံတော် ၁ တည်ဆောက်ခြင်း)
      Sayar Thein Naing (Maukkha Education) is the author of Education Nation which widely discusses the role of education in state-building. In this book, the importance of critical thinking, peace education, democratic values in classrooms, curriculum and education reform and the role of teacher and student unions were insightfully discussed. Related posts: Gardens of Hope –… Read more: ပညာနိုင်ငံတော် – အခန်း – ၁ (ပညာနိုင်ငံတော် ၁ တည်ဆောက်ခြင်း)
    • လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၄ (ပုံစံတူကူးယူ၍ မရသော အော်တာနေးတစ်ပညာရေး)
      Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၄ (ပုံစံတူကူးယူ၍ မရသော အော်တာနေးတစ်ပညာရေး)
    • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၃ (၃၆၀”တော်လှန်ပြောင်းလဲခြင်း )
      Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၃ (၃၆၀”တော်လှန်ပြောင်းလဲခြင်း )
    • လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၂ (ဂျပန်တို့၏ လွတ်လပ်သောကျောင်း)
      Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၂ (ဂျပန်တို့၏ လွတ်လပ်သောကျောင်း)
    Copyright © 2025 Yattaw . All Rights Reserved.