Yattaw

School for Community Studies

  • HOME
  • LIBRARY
    • Audio Book
    • Article
    • Bookshelf
  • OUR PROGRAM
  • GALLERY
  • ABOUT
  • CONTACT
  • Home
  • -
  • Our Program
  • -
  • THE WINDOWS – YOUTH TRAINING

THE WINDOWS – YOUTH TRAINING

  • By: admin
  • February 4, 2023
  • 3 Comments

The Windows – Youth Training for Understanding Regional Issues and Personal Development (လူငယ်များအတွက် ပြတင်းတံခါး /လတ်တန်ဘော့ လူငယ်သင်တန်း – ဒေသဆိုင်ရာကိစ္စများအပေါ်နားလည်ခြင်း နှင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးရေး)

လတ်တန်ဘော့ ဆိုသည်မှာ ထားဝယ်ဘာသာစကားဖြင့် ပြတင်းပေါက်ကို ညွှန်းဆိုခြင်းဖြစ်သည်။ အဆောက်အအုံတစ်ခုတွင် ပြတင်းတံခါးသည် ပတ်ဝန်းကျင် ဖြစ်ပျက်နေသည်တို့ကို ကြည့်ရှု မြင်တွေ့ နိုင်ရန် အရေးကြီးသော အရာတစ်ခုဖြစ်သည်။ လူငယ်များအနေဖြင့် မိမိတို့ ရပ်ရွာ ဒေသတွင်း နှင့် နိုင်ငံ၊ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်တို့ကို စနစ်တကျ ကြည့်ရှု စိတ်ဖြာ နားလည် နိုင်စွမ်းရှိလာရန် တိုင်းပြည်တည်ဆောက်ရေးနှင့်ပတ်သက်သည့် အခြေခံ ပညာရပ်များကို မျှဝေ မိတ်ဆက် သင်ကြားပေးသော အမြင်ဖွင့် သင်တန်းကို လူငယ်များအတွက် ပြတင်း တံခါး၊ ထားဝယ်ဘာသာဖြင့် လတ်တန်ဘော့ ဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ သင်တန်းသည် တက္ကသိုလ်ကျောင်းသူ/သားများနှင့် လုပ်ငန်းခွင်ဝင်နေသော လူငယ်များအတွက် ရည်ရွယ်သည်။ ယေဘုယျအားဖြင့် သင်တန်းသည် ၁၀ ပတ်မှ ၁၂ ပတ် ခန့်အထိ ကြာမြင့်လေ့ရှိပြီး စနေ၊ တနင်္ဂနွေ စသော ရုံးပိတ်ရက်များတွင်သာ ဖွင့်လေ့ရှိပါသည်။ သင်တန်းတွင် သင်ကြားပေးသော ဘာသာရပ်များမှာ –

  • ဖွံ့ဖြိုးရေး အယူအဆများ (Development Concepts)
  • နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ (Formation of the State)
  • ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေး (Personal Leadership Development)
  • ဝေဖန်ပိုင်းခြား စဉ်းစားခြင်း (Critical Thinking)
  • နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ (Role of political parties)
  • သတင်းမီဒီများ၏ အခန်းကဏ္ဍ (Role of news media)
  • အခြေခံ ဘောဂဗေဒ (Economy 101)
  • ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း (Decentralization)
  • ဖက်ဒရယ်စနစ်ဆိုင်ရာ အယူအဆများ (Federalism concepts)
  • မြန်မာ့သမိုင်း (Recent Myanmar History)

အထက်ပါသင်ခန်းစာများအပြင် လွှတ်တော်အစည်းအဝေးများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ သို့သွားရောက်လေ့လာမှုများပါဝင်ပြီး တက်ရောက်သူများသည် အဖွဲ့အလိုက် အကြောင်းအရာတစ်ခုကို ရွေးချယ်၍ သုတေသန ပြုလုပ်၍ စာတန်းငယ်များရေးရခြင်းလည်း ပါဝင်သည်။

လတ်တလောတွင် ယခုသင်တန်းကို အခြေအနေအရ ခေတ္တရပ်နားထားပါသည်။

Related posts:

  1. 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 – 𝗨𝗣𝗣
  2. ဒီရေတောတွေက ဘာကြောင့်အရေးပါတာလဲ။
  3. ဖက်ဒရယ်ပညာရေး – Federal Education
  4. KNOWLEDGE SHARING SESSIONS FOR BUILDING A RESILIENT COMMUNITY
  • ပညာနိုင်ငံတော် – အခန်း – ၂ (ဒီမိုကရေစီပညာရေး)
    Sayar Thein Naing (Maukkha Education) is the author of Education Nation which widely discusses the role of education in state-building. In this book, the importance of critical thinking, peace education, democratic values in classrooms, curriculum and education reform and the role of teacher and student unions were insightfully discussed. Related posts: ပညာနိုင်ငံတော် – အခန်း –… Read more: ပညာနိုင်ငံတော် – အခန်း – ၂ (ဒီမိုကရေစီပညာရေး)
  • ပညာနိုင်ငံတော် – အခန်း – ၁ (ပညာနိုင်ငံတော် ၁ တည်ဆောက်ခြင်း)
    Sayar Thein Naing (Maukkha Education) is the author of Education Nation which widely discusses the role of education in state-building. In this book, the importance of critical thinking, peace education, democratic values in classrooms, curriculum and education reform and the role of teacher and student unions were insightfully discussed. Related posts: Gardens of Hope –… Read more: ပညာနိုင်ငံတော် – အခန်း – ၁ (ပညာနိုင်ငံတော် ၁ တည်ဆောက်ခြင်း)
  • လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၄ (ပုံစံတူကူးယူ၍ မရသော အော်တာနေးတစ်ပညာရေး)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၄ (ပုံစံတူကူးယူ၍ မရသော အော်တာနေးတစ်ပညာရေး)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၃ (၃၆၀”တော်လှန်ပြောင်းလဲခြင်း )
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၃ (၃၆၀”တော်လှန်ပြောင်းလဲခြင်း )
  • လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၂ (ဂျပန်တို့၏ လွတ်လပ်သောကျောင်း)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း – ၁၂ (ဂျပန်တို့၏ လွတ်လပ်သောကျောင်း)
Copyright © 2025 Yattaw . All Rights Reserved.