စားနပ်ရိက္ခာ ဖူလုံရေး
ငတ်မွတ်ခေါင်းပါးမှုကိုတိုက်ဖျက်ရာတွင် တိုးတက်မှုများဆက်လက်ရှိနေသော်လည်း ကျန်းမာပျော်ရွှင်ပြီး တက်ကြွမှုရှိသော လူမှုဘဝကိုထိခိုက်စေနိုင်လောက်အောင်ပင် လူအများအပြားသည် အစာအာဟာရပြတ်လပ်မှု ကို ကြုံတွေ့နေရဆဲဖြစ်သည်။
မကြာသေးမီက ခန့်မှန်းတွက်ချက်မှုများအရ ကမ္ဘာပေါ်ရှိ လူဦးရေ (၇၉၅) သန်း၊ တနည်းအားဖြင့်ဆိုရလျှင် လူ (၉) ဦးတွင် (၁)ဦးသည် ဆာလောင်မှုနှင့်အတူ အိပ်ရာဝင်နေကြရပေသည်။ ဤပမာဏထက်ပိုများပြားသော လူဦးရေသည်လည်း ဆင်းရဲတွင်းနက်နေဆဲဖြစ်သည်။ တနေ့လျှင်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၂၅ ထက်နည်း၍ရသော ငွေဖြင့် နေထိုင်ရခြင်းကိုဆင်းရဲမှုအဖြစ်ဆိုလိုခြင်းဖြစ်သည်။ စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းကို ဖြစ်စေသည့် အဓိက အကြောင်းရင်းမှာ စားနပ်ရိက္ခာများရရှိနိုင်မှု မရှိခြင်းကြောင့်မဟုတ်ဘဲ ဆင်းရဲ နွမ်းပါးမှု ကြောင့်သာလျှင်ဖြစ်သည်။
ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရန်နှင့် ရရှိနိုင်သောစားနပ်ရိက္ခာများကို လက်လှမ်းမီနိုင်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးမှုများလိုအပ်သော်လည်း ထိုစိုက်ပျိုးရေးတစ်ခုတည်းဖြင့် စားနပ်ရိက္ခာဖူလုံရန် မစွမ်းသာပေ။ အထောက်အထားများအရမူ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့သည် ရှေ့သွားနောက်လိုက်ညီညီ လုပ်ဆောင်ရန် မလိုလှပေ။ အဓိက ပြဿနာမှာ နိုင်ငံအဆင့်နှင့် အိမ်ထောင်စုအဆင့်တွင် စားနပ်ရိက္ခာကို စီးပွားရေးအရ (လူမှုရေးအရနှင့် ရုပ်ပိုင်းဆိုင်ရာအရ) လက်လှမ်းမီနိုင်မှု မရှိခြင်း နှင့် လုံလောက်သော အာဟာရမရခြင်းပင်ဖြစ်သည်။
စားနပ်ရိက္ခာဖူလုံရေးတွင် လုံလောက်သော အစားအစာထောက်ပံ့မှုများကို လိုအပ်ရုံသာမက အသက်အရွယ်မရွေး၊ လိင်၊ လူမျိုးစု၊ ဘာသာရေး နှင့် လူမှုစီးပွားရေးအဆင့်အားလုံးမှ လူသားအားလုံးသည် ထိုစားနပ်ရိက္ခာကို လက်လှမ်းမှီနိုင်မှု၊ ရရှိနိုင်မှုနှင့် အာဟာရမျှမျှမှီဝဲစားသုံးနိုင်မှု တို့လည်း ပါဝင်သေးသည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှုသည် ရှုပ်ထွေးစွာချိတ်ဆက်လျက်ရှိနေသည်။ နိုင်ငံတခုခြင်းစီ၏ စိုက်ပျိုးရေး ကဏ္ဍသည် ရရှိနိုင်သောသဘာဝအရင်းအမြစ်များအပေါ်တွင် မူတည်နေသကဲ့သို့ အဆိုပါအရင်းအမြစ်များအား စီမံခန့်ခွဲအုပ်ချုပ်သည့် နိုင်ငံရေးအပေါ်တွင်လည်း မူတည်နေပြန်သည်။ ဤနေရာတွင် အစားအစာနှင့် ကောက်ပဲ သီးနှံများဖြစ်သည့် ဆန်၊ ဂျုံ၊ ကန်းစွန်းဥ၊ ပြောင်း နှင့် ပီလောပီနံတို့သည် လူ့အစားအစာ၏ အဟာရစွမ်းအင် အတွက်ရရှိနိုင်သည့် ပင်မအရင်းအမြစ်များဖြစ်သည်။
—
စားနပ်ရိက္ခာဖူလုံရေးသည် အဓိကအားဖြင့်မဏ္ဍိုင် (၄) ရပ်ဖြစ်သည့် စားနပ်ရိက္ခာ ရရှိနိုင်မှု၊ လက်လှမ်းမီနိုင်မှု၊ မှီဝဲစားသုံးနိုင်မှုနှင့် တည်ငြိမ်မှုတို့အပေါ်တွင်အခြေခံတည်ဆောက်ထားသည်။ စားနပ်ရိက္ခာဖူလှုံရေးအတွက် လူတဦးချင်းစီသည် အစာအာဟာရသမ မျှတစွာနှင့်အရည်အသွေးရှိသည့် အစားအစာကို အချိန်တိုင်းလုံလောက်စွာ ရရှိရန် လိုအပ်သည်။ အရည်အသွေးပြည့်မီမှုရှိသည့် အစားအစာကို မရရှိနေသူများသည် ရေရှည်တွင် စားနပ်ရိက္ခာလိုအပ်မှု၏ သက်ရောက်မှုများကို ခံစားနေရခြင်းပင်ဖြစ်သည်။
နိုင်ငံအဆင့် စားနပ်ရိက္ခာဖူလုံမှုကိုခွဲခြမ်းစိတ်ဖြာကြည့်သောအခါ နိုင်ငံတော်၏ထုတ်လုပ်မှုကို နားလည်ရန် အရေးကြီးရုံသာမက ကမ္ဘာ့ဈေးကွက်မှ စားနပ်ရိက္ခာရရှိနိုင်မှုနှင့် နိုင်ငံခြားဝင်ငွေရရရှိမှု၊ နိုင်ငံသားများ၏ စားသုံးသူဆိုင်ရာရွေးချယ်မှုတို့သည်လည်း အရေးကြီးပါသည်။ အိမ်ထောင်စုအဆင့်စားနပ်ရိက္ခာဖူလုံမှုကို ခွဲခြမ်း စိတ်ဖြာသောအခါတွင်မူ အိမ်ထောင်စုတခု၏ ကိုယ်ပိုင်စားနပ်ရိက္ခာထုတ်လုပ်ခြင်း နှင့် အဆိုပါအိမ်ထောင်စုရှိ မိသားစုဝင်များ မှ ဈေးကွက်အတွင်း အရည်အသွေးမှန်ကန်၍ ကွဲပြားစုံလင်သောအစားအစာကို ဝယ်ယူရရှိ နိုင်စွမ်းရှိခြင်း စသည့်အခြေအနေများအဖြစ်သတ်မှတ်ထားသည်။
မည်သို့ပင်ဆိုစေကာမူ သုံးသပ်ခွဲခြမ်းစိတ်ဖြာမှုတွင် အမှန်တကယ်တိကျနိုင်သည်က တဦးချင်းစီအဆင့်တွင်သာရှိသောကြောင့် စားသုံးသူ၏အာဟာရလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်စွမ်းအပေါ် လူမှုယဉ်ကျေးမှုနှင့် ဂျဲန်ဒါတန်းတူမညီမျှမှု၏သက်ရောက်မှုများကိုပါ နားလည် သဘောပေါက်နိုင်မှသာ ခွဲခြမ်းစိတ်ဖြာမှုမှာ အမှန်တကယ်တိကျနိုင်သည်။
ထိုသို့ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် တဦးချင်းစီအဆင့်တွင် အခြေတည်၍ ဖွင့်ဆိုထားသော်လည်း မတူခြားနားသော အစုအဖွဲ့ အဆင့်အမျိုးမျိုးတွင်လည်း မကြာခဏ အသုံးပြုလေ့ရှိပါသည်။
ကဏ္ဍတစ်ခုချင်းစီ၏ အရေးပါမှုသည် ပေါင်းစပ်ကိုင်တွယ်ဖြေရှင်းသည့် အဆင့်ပေါ်မူတည်သည်။ ကမ္ဘာ့အဆင့်တွင် အဓိကမဏ္ဍိုင်သည် အစားအစာ ရရှိနိုင်မှု ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်းသည် ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက် လုံလောက် သောစားနပ်ရိက္ခာကို ထုတ်လုပ်ပေးနိုင်ပါသလား ဟူသော အမေးပုစ္ဆာရှိပါသည်။ ယနေ့အတွက်အဖြေမှာ ထုတ်လုပ်နိုင်သည်ဟု ဖြေဆိုနိုင် သည်။ သို့သော်ငြား ထိုအဖြေသည် အနာဂတ်တွင်ကမ္ဘာ့လူဦးရေကြီးထွားလာမှု၊ အပင်များပေါ်ပေါက်လာမှုနှင့် တိရစ္ဆာန်များမှတဆင့်ကူးစက် ပြန့်ပွားသော ရောဂါများပေါများလာမှု၊ မြေဆီလွှာထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအရည်အသွေး ကျဆင်းလာမှု၊ စားနပ်ရိက္ခာထက် လောင်စာအတွက် မြေယာအသုံးချမှု များပြားလာမှု၊ စိုက်ပျိုးရေးနှင့်ဆိုင်သောသုတေသန နှင့် ဖွံ့ဖြိုးခြင်းဆိုင်ရာကိစ္စရပ်များကို အာရုံစိုက်မှုနည်းပါးလာခြင်း တို့အပြင် အမျိုးမျိုးသော သက်ရောက်မှုများ ကြောင့် မှန်ကောင်းမှ မှန်နိုင်တော့ပေမည်။
တတိယမဏ္ဍိုင်ဖြစ်သည့် အစားအစာမှီဝဲစားသုံးနိုင်မှု မှာ အိမ်ထောင်စုတစ်ခုအတွက် ရရှိနိုင်သောအစားအစာသည် မိသားစုဝင်များအတွက် အာဟာရဖူလုံမှုဖြစ်ခြင်းကိုဆိုလိုသည်။ အာဟာရစံချိန်စံနှုန်းများသည် အမျိုးသား၊ အမျိုးသမီး၊ ယောင်္ကျားလေး၊ မိန်းခလေးများ၊ အသက်အရွယ်နှင့်ဘဝအဆင့်ကွာခြားမှုများ (ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင် မိခင်များ)၏ အမှန်တကယ်အာဟာရလိုအပ်ချက်များအတွက် တည်ရှိနေသော်လည်း အဆိုပါလိုအပ်ချက်များ သည် ယဉ်ကျေးမှုအပေါ်အခြေခံ၍ လူမှုရေးအရတည်ဆောက်ထားလေ့ရှိတတ်သည်။ ဥပမာအားဖြင့် တောင် အာရှတွင် အမျိုးသမီးများသည် အခြားသူများအစာစားပြီးမှသာစားလေ့ရှိသည့်အတွက် အသားနှင့်ငါးကဲ့သို့သော နှစ်သက်သည့်အစားအစာများကိုစားသုံးရန် အိမ်ထောင်စုတစ်ခုတည်းတွင်ရှိသော အမျိုးသားများထက် အခွင့် အလမ်းနည်းပါး လေ့ရှိသည်ကို အထောက်အထားများကဖော်ပြနေသည်။ ရှားပါးငတ်မွတ်ခေါင်းပါးမှုသည် အစားအစာအသုံးချ နိုင်မှုညံ့ဖျင်းခြင်းကြောင့် ဖြစ်တတ်သည်။ ဆိုလိုသည်မှာ လူတစ်ဦး၏ အစာအာဟာရသည် သင့်တင့်မျှတသော မက်ခရို (ကယ်လိုရီ) နှင့် အဏုအာဟာရဓာတ်များ (ဗီတာမင် နှင့် သတ္တုဓာတ်များ) ကင်းမဲ့နေတတ်သည်။ လူတစ်ဦးချင်းစီသည် ကောင်းစွာကျွေးမွေးစောင့်ရှောက်ခံရပြီး လုံလောက်သော ကယ်လိုရီ များကို စားသုံးနိုင် သော်လည်း ဗီတာမင်အေ၊ အိုင်းရွန်း၊ အိုင်အိုဒင်းကဲ့သို့သော အဓိကအဏုအာဟာရဓာတ်များ ချို့တဲ့နေတတ် ပါသည်။
စားနပ်ရိက္ခာတည်ငြိမ်မှု သည် လူဦးရေတခု၊ အိမ်ထောင်စုတခု သို့မဟုတ် လူတဦးတယောက်ချင်းစီသည် အချိန်တိုင်းတွင် အစားအစာကိုလက်လှမ်းမှီနိုင်ပြီး ခြောက်သွေ့သည့်ရာသီမျိုးကဲ့သို့သော သံသရာဖြစ်ရပ်မျိုး တွင်ပင် အကျိုးဆက်အနေဖြင့် လက်လှမ်းမှီနိုင်မှုမဆုံးရှုံးသွားစေခြင်းဖြစ်သည်။ အချို့သော စားနပ်ရိက္ခာ တည်ငြိမ်မှုမရှိသောအခါများတွင် လိုအပ်သောအစာအာဟာရချို့တဲ့ခြင်း များရှိလာပါသည်။ လူတစ်ဦးချင်းစီ၏ တစ်သက်တာဝင်ငွေ ၁၀ ရာခိုင်နှုန်းနှင့် အဆိုးရွားဆုံးထိခိုက်ခံစားရသည့် နိုင်ငံများတွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၂ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်းအထိ ကုန်ကျနိုင်သောကြောင့် ထိုအရာသည် စီးပွားရေးအရ ကုန်ကျစရိတ်များသည်။ စားနပ်ရိက္ခာဖူလုံရေးကိုဖော်ဆောင်မှုသည် HIV၊ AIDS ကဲ့သို့သော အခန်းကဏ္ဍများ ထက်ပင် စိန်ခေါ်မှုများပြားနေသေးသည်။ HIV ပိုးသည်လည်း အစားအစာကို ထုတ်လုပ်အသုံးပြုရန် လူတစ်ဦး ၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်၊ အိမ်ထောင်စုလုပ်သားများကိုပြန်လည်နေရာချထားမှု ၊ အမျိုးသမီးများ အပေါ်တွင် အလုပ်ဝန်ပိခြင်းများတိုးလာမှု၊ မုဆိုးမနှင့် ကလေးများအားမြေယာနှင့် ထုတ်လုပ်ပစ္စည်းများကို အမွေ ဆက်ခံခြင်း မှတားမြစ် ခြင်း တို့ကိုသက်ရောက်စေပါသည်။
ကိုးကား – https://openoregon.pressbooks.pub/envirobiology/chapter/8-1-food-security/