Yattaw

School for Community Studies

  • HOME
  • LIBRARY
    • Audio Book
    • Article
    • Bookshelf
  • OUR PROGRAM
  • GALLERY
  • ABOUT
  • CONTACT
  • Home
  • -
  • library
  • -
  • သဘာဝဂေဟဝန်းကျင်ကိုပျက်သုဉ်းစေခြင်းဆိုသည်

သဘာဝဂေဟဝန်းကျင်ကိုပျက်သုဉ်းစေခြင်းဆိုသည်

  • By: yattaw
  • June 25, 2023
  • Comments off

ကျယ်ပြန့်သောထိခိုက်မှု၊ ပျက်စီးမှုနှင့် ဂေဟစနစ်များဆုံးရှုံးမှုများသည် သဘာဝဂေဟဝန်းကျင်ကို  ထိခိုက်ပျက်စီးခြင်း (Ecocide) ဖြစ်စေပါသည်။ ၎င်းကို သစ်တောများ၊ စိမ့်မြေများ နှင့် သန္တာကျောက်တန်းများ စသည့် ဂေဟစနစ် တစ်ခုခြင်းစီကို ထိခိုက်ပျက်စီးစေခြင်းဟု ရည်ညွှန်းနိုင်ပြီး အိုဇုန်းလွှာပါးလွှာခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် အက်စစ်မိုးများရွာသွန်းခြင်း ကဲ့သို့သော ကမ္ဘာမြေဂေဟစနစ်တစ်ခုလုံး ထိခိုက်စေမှုကိုလည်း ရည်ညွှန်းနိုင်သည်။

“သဘာဝဂေဟဝန်းကျင်ကို ပျက်သုဉ်းစေခြင်း ” ဆိုသည့်ဝေါဟာရကို ရုက္ခဇီဝဗေဒပညာရှင် အာသာ ဂယ်လ် စတန် ဆိုသူက ၁၉၇၀ ခုနှစ်  စာတမ်းဖတ်ပွဲတစ်ခုတွင် စ၍ တီထွင်အသုံးပြုခဲ့၏။ သူက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို “ လူများသည်ယင်းတို့စိတ်ကြိုက်ရွေးချယ်နေထိုင်နိုင်သော ပတ်ဝန်းကျင်ကို တမင်တကာ ပျက်သုဉ်းစေခြင်း” ဟု အဓိပ္ပာယ်သတ်မှတ်ခဲ့သည်။

 

သဘာဝဂေဟဝန်းကျင်ကို ပျက်သုဉ်းစေခြင်းသည် ကျွန်ုပ်တို့၏ကလေးငယ်များကို သတ်မည့် ရာဇဝတ်မှုတစ် ခုဖြစ်သည်

အဘယ်ကြောင့် ဂေဟဝန်းကျင်ကိုထိခိုက်ပျက်စီးခြင်းက ကျွန်ုပ်တို့ကလေးငယ်များကို သတ်မည့် ရာဇဝတ်မှုကိုတစ်ခု ဖြစ်ရပါသနည်း။ ထိုအရာမှာ ရေထု၊ လေထုနှင့် ကုန်းမြေတို့ကို ညစ်ညမ်းစေသည့် အရာမျှသာ မဟုတ်ပါ။ ဂေဟဝန်းကျင်ကို ထိခိုက်ပျက်စီးခြင်းတွင် အစားအစာ၊ အပင်များ နှင့် တိရစ္ဆာန်များအဆိပ်သင့် ခြင်းတို့လည်းပါဝင်၏။ ထိုသို့အဆိပ်သင့်စေခြင်းမှာ စိုက်ပျိုးရေးတွင်ပိုးသတ်ဆေးများ သုံးခြင်း၊ ရုပ်ကြွင်းလောင်စာများ ထုတ်ယူခြင်း၊ ကုန်ထုတ်လုပ်ခြင်းဖြစ်စဉ်မှထွက်သော အဆိပ်သင့်ဓာတုပစ္စည်းများ မှတဆင့် ဖြစ်စေသည်။

ကိုဗစ် – ၁၉ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးသည် သဘာဝဂေဟဝန်းကျင်ထိခိုက်ပျက်စီးခြင်းကဲ့သို့သော ကမ္ဘာ့ ရာသီဥတု အရည်အသွေးနိမ့်ကျခြင်းမှ ဖြစ်ပေါ်လာသောရလာဒ်များစွာထဲမှ တစ်ခု ဖြစ်၏။ ယခုလက်ရှိနေထိုင်နေသည့် လူနေမှုဘဝပုံစံ၏ အကျိုးဆက်တခုအနေဖြင့် ကျွန်ုပ်တို့နေထိုင်ရာပတ်ဝန်းကျင်သည် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့သော အသက်ရှင် နေထိုင်မှုကို  ခြိမ်းခြောက်လာနေသည် သာမက ယနေ့မွေးဖွားလာကြသော ကလေးငယ်များသည် အနာဂတ်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာ အမြောက်အများကို ကြုံတွေ့ရနိုင်ချေရှိသည်။

လေ့လာမှုများအရ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားလာသောကလေးများသည် အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သောရောဂါများ၊ နှလုံးနှင့်သက်ဆိုင်သောပုံမှန်လုပ်ဆောင်မှုချွတ်ယွင်းခြင်း၊ သွေးအဆိပ်သင့်ခြင်းကဲ့သို့သော ကျန်းမာရေးနှင့်ဆက်စပ်သော ဖြစ်ရပ်များကို ပိုမိုကြုံတွေ့ရနိုင်ချေရှိကြောင်း လေ့လာမှုများကဖော်ပြနေ၏။ ရောဂါ အရေအတွက် ပိုမိုများပြားလာနိုင်ရုံသာမက ရောဂါလက္ခဏာပြင်းထန်ခြင်းကလည်း အသက်ငယ်ရွယ် စဉ်၌ သေဆုံးမှုကို ပိုမိုများပြားလာစေမည်ဖြစ်သည်။

ယခုလက်ရှိကျွန်ုပ်တို့က သဘာဝပတ်ဝန်းကျင်ကို ဆက်ဆံပြုမူမှုသည် ရေရှည်တည်တံ့နိုင်ခြင်းမရှိပေ။ ကျွန်ုပ်တို့သည် နောက်လာမည့် ကျွန်ုပ်တို့များ၏ဆက်များ နှင့် အနာဂတ်အတွက် စဉ်းစားရန် လိုအပ်ပါသည်။ အချိန်မနောက်ကျသေးခင် ကျွန်ုပ်တို့၏ဘာဝပတ်ဝန်းကျင် ကိုစတင်၍ ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်သည်။

 

ဂေဟဝန်းကျင်ထိခိုက်ပျက်စီးခြင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတစ်ခုဖြစ်သည်

အပြည်ပြည်ဆိုင်ရာတရားရုံးများတွင် အသုံးပြုရေးအတွက်ရည်ရွယ်ကာ ကမ္ဘာ့ထိပ်တန်းဂေဟပညာရှင်များသည် သမိုင်းဝင်ဝေါဟာရတစ်ခု၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖန်တီးရန် အတူတကွစုစည်းဆောင်ရွက်ခဲ့ကြပါတယ်။ ၎င်းသည် ယဉ်ကျေးမှု/ လူမှုရေးအဆင့်အတန်းတစ်ခု သို့မဟုတ် ဂေဟစနစ်နှင့်သက်ဆိုင်သော သတ်မှတ်ချက်နေရာ အတိုင်းအတာပမာဏ (ecocide) တစ်ခုခုတို့ အပေါ် တွင်ဖြစ်စေသော သိသာထင်ရှားသည့် ထိခိုက်မှုများကို အဆုံးသတ်နိုင်စေရန်အတွက် သဘာဝ ပတ်ဝန်းကျင်ဥပဒေ ချိုးဖောက်မှုများကို တရားစွဲဆိုခြင်းအား ခွင့်ပြုပေးရန်ဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်းသည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကို ၎င်း၏တရားစီရင်ပိုင်ခွင့်အတွင်းသို့ သဘာဝဂေဟဝန်းကျင်ထိခိုက်ပျက်သုဉ်းစေခြင်း (ecocide) ကို ငါးခုမြောက်ရာဇဝတ်မှုတစ်ခုအဖြစ် ပေါင်းစပ်သတ်မှတ် ပေးရန် တွန်းအားပေးလျက်ရှိနေပါတယ်။ ယခုအချိန်ထိ ICC တွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ကျူးကျော်စစ်ဆင်နွှဲခြင်း ရာဇဝတ်မှုများအပေါ်တွင်သာ တရားစီရင်ပိုင်ခွင့်ရှိနေသည်။ နိုင်ငံတကာရာဇဝတ်ခုံရုံးအဖွဲ့ဝင်များ ရှေ့မှောက်တွင်တင်ထားသော အဆိုပြုချက် သည် ၎င်းတို့ (အဖွဲ့ဝင်နိုင်ငံများ) အတွက် အသိမှတ်ပြုရုံသာမက ပေါ့ဆမှု သို့မဟုတ် ရည်ရွယ်ချက်ရှိစွာဖြင့် ဖြစ်စေသော ပြင်းထန်သော သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုများကို ပြစ်မှုအဖြစ် ဥပဒေပြုသတ်မှတ်ရန် ဖြစ်နိုင်ချေရှိပါတယ်။ မကြာသေးမီက ထွက်ပေါ်လာသော ဥပဒေမူကြမ်းတွင် သဘာဂေဟဝန်းကျင်ပျက်သုဉ်းစေခြင်း (ecocide) သည် “ထိုလုပ်ရပ်များကြောင့် ဆိုးရွား၍ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ခြေရှိ ကြောင်း အသိဖြင့် ကျူးလွန်ထားသော ဥပဒေမဲ့ သို့မဟုတ် ရည်ရွယ်ချက်ကင်းမဲ့သောလုပ်ရပ်များ” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ICC သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဓိကရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းမရှိခဲ့သည့်အတွက် ပြင်းပြင်း ထန်ထန် ဝေဖန်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ICC တရားစွဲဆိုရေးဆိုင်ရာခုံရုံးသည် အမှုရွေးချယ်ခြင်းနှင့် ဦးစားပေးအစီအစဉ်ချမှတ်ခြင်း မူဝါဒစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး တရားရုံး၏ စီရင်ပိုင်ခွင့် အတွင်းရှိ အဓိကရာဇဝတ်မှု (၄) ခုတွင် တစ်ခုသည် အကယ်၍ နယ်မြေ လုယူခြင်း၊ သဘာဝအရင်းအမြစ်များကို အမြတ် ထုတ်ခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း များကို ကျူးလွန်ခဲ့ပါက ဦးစားပေးသတ်မှတ် မည်ဟု ဖော်ပြထား၏။

 

သဘာဝဂေဟဝန်းကျင် ပျက်သုဉ်းစေမှု (ecocide) ဖြစ်ပွားနေခြင်းကို မည်သို့ရပ်တန့်ကြမည်နည်း

Ecocide ကိုရပ်တန့်ရန် ပထမဆုံးခြေလှမ်းမှာ စွဲချက်တင်နိုင်သောရာဇဝတ်မှုတစ်ခုအဖြစ် တရားဝင် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖွင့်ဆိုရန်ဖြစ်သည်။ ထိုအရာမှာ ဆယ်စုနှစ်များစွာကတတည်းက စတင်၍ ယခု အထိဆက်လက်တည်ရှိနေသည့် တာဝန်တစ်ရပ်ဖြစ်သည်။

ဒုတိယတစ်ခုမှာ ကျွန်ုပ်တို့ရဲ့စဉ်းစားပုံနည်းလမ်းများကိုပြောင်းလဲရန်ဖြစ်၏။ သဘာဝအရင်းမြစ်များသည် မကုန်ခမ်းနိုင်သော အရာများမဟုတ်ကြောင်း၊ ကျွန်ုပ်တို့ရဲ့ အသက်ရှင်သန်နေထိုင်မှုများမှာ ကျန်းမာသော ပတ်ဝန်းကျင်အပေါ်တွင် မူတည်ကြောင်း၊ သဘာဝတရားအပေါ် စိုးမိုးချုပ်ကိုင်ပိုင်ခွင့်အာဏာ ကျွန်ုပ်တို့မှာမရှိ ကြောင်း တို့ကို မဖြစ်မနေသင်ယူဖို့လိုအပ်ပါသည်။

တတိယအချက်မှာ အကယ်၍ သဘာဝဂေဟဝန်းကျင်ပျက်သုဉ်းစေမှု (ecocide) ကိုရပ်တန့်ကြဖို့ဆိုလျှင် ယခုအချိန်သည် ကျွန်ုပ်တို့အားလုံးအတူ တကွဆောင်ရွက်ရမည့် အချိန်ဖြစ်၏။ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်သဟဇာတဖြစ်မည့် မူဝါဒများအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းအားထုတ်၍ ပံ့ပိုးကြိုးပမ်းဆောင်ရွက် နိုင်ကြလျှင် ကျွန်ုပ်တို့၏ စုပေါင်းအားထုတ်ကြိုးပမ်းမှုသည် ပို၍ကောင်းမွန်သော အနာဂတ်ကို ဦးတည်သွားနိုင်မည်ဖြစ်သည်။

နောက်ဆုံးတစ်ချက်မှာ ပညာရေး သော့ချက်ပင်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးခြင်းကို နားလည်သဘောပေါက်စေခြင်းနှင့် ဂေဟစနစ်အရည်အသွေးနိမ့်ကျခြင်းကိုဖြစ်စေသော သမာရိုးကျနည်းလမ်း များကို ထီထွင်ဆန်းသစ်သည့်အခြားသော ရှာဖွေဖော်ထုတ်ခြင်း နည်းလမ်းများဖြင့် မဖြစ်မနေအစားထိုး ရမည်ဖြစ်သည်။

 

နိဂုံး

Ecocide ခေါ် သဘာဝဂေဟဝန်းကျင်ကိုပျက်သုဉ်းစေခြင်း လူအများ အသိမှတ်ပြုလက်ခံလာရန် မလွယ်သေးပေ။ ထို့အပြင် သဘာဝ နှင့် ၎င်း၏ဂေဟစနစ်များကို ကာကွယ်ပေးသော၊ ထိုဂေဟစနစ်များနှင့် ကျွန်ုပ်တို့ကြား ရေရှည်တည်တံ့နိုင်သော ပြုမူဆက်နွယ်မှုမျိုးရှိသည့် ကမ္ဘာကြီးကို ရရှိရန်များစွာ လိုအပ်နေသေး၏။ ပြောင်းလဲမှုများစွာဆက်လက်ဖြစ်ပေါ်လျက်ရှိကာ ကမ္ဘာ့နေရာတိုင်းရှိ လူများသည် သဘာဝ သဘာပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများကို ဆန့်ကျင်ရန် စုစည်းဆောင်ရွက် နေလျက်ရှိသည်။ နေ့စဉ်နှင့်အမျှ လူများသည်ပို၍ ထိုတိုက်ပွဲခေါ်သံကို ဝင်ရောက်ပူးပေါင်း လာကြနေကြပြီ ဖြစ်သည်။

ကျွန်ုပ်တို့ကြိုးပမ်းရှာဖွေနေသည့် အပြောင်းအလဲများမှာ ကျွန်ုပ်တို့၏ လူ့ဘောင်အသိုင်းအဝိုင်းများအတွင်းရှိ ရပ်ရွာဒေသလူထုလှုပ်ရှားမှုများ၊ ဦးဆောင်လှုပ်ရှားမှုများမှ အခြေတည်ခြင်းဖြစ်ကာ လက်ရှိပုံမှန်လည်ပတ်ဖြစ်ပျက်လျက်ရှိသည့် အရာများကို တွန်းလှန်ဖယ်ရှားရန် အားထုတ်လျက် ယခုဖြစ်ပျက်နေသည့် လူ့ဘောင်လောက ကမ္ဘာကြီးနှင့် ခြားနားသော မတူကွဲပြားသည့် ကမ္ဘာကြီးဖြစ်လာရန်လည်း ဖြစ်နိုင်ချေရှိကြောင်း ပြသရန်ဖြစ်သည်။

 

လုပ်ပိုင်ခွင့်အာဏာရှိသောရာထူးရယူထားသူများ၏ လုပ်ငန်းစဉ်များတွင် အရေးကြီးလှသော လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများအတွက် လုပ်ဆောင်ချက်များ စဉ်ဆက်မပြတ်ပါဝင်နေရန် သံန္နိဋ္ဌာန်ချလုပ်ဆောင်နေသူများ၏ မမောမပန်းအားထုတ်ကြိုးပမ်းမှုများ ကိုလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။

အရင်းအမြစ်အရေအတွက် အနည်းဆုံးနှင့် ကမ္ဘာကြီး၏အကြီးမားဆုံးသော ပြဿနာများကို တာဝန်ယူမည့် ကျွန်ုပ်တို့ လူမှုအသိုက်အဝန်းရှိ အပြောင်းအလဲလုပ်ဆောင်သူများမှာထို ပုဂ္ဂိုလ် တစ်ဦးခြင်းစီပင်ဖြစ်ပါသည်။

သို့ရာတွင် လူမှုအသိုက်အဝန်းမှ ယင်းတို့၏ အားစိုက်လုပ်ဆောင်မှုများကို ပံ့ပိုးပေးရန် စစ်မှန်သော ကတိကဝတ်ပြုလုပ်ဆောင်ပေးမှု မရှိပါက ကျွန်ုပ်တို့ အလေးဂရုထားနေသောပြဿနာများမှာ မည်သည့်အခါမျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

Related posts:

  1. ဒီရေတောတွေက ဘာကြောင့်အရေးပါတာလဲ။
  2. KNOWLEDGE SHARING SESSIONS FOR BUILDING A RESILIENT COMMUNITY
  3. THE WINDOWS – YOUTH TRAINING
  4. 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 – 𝗨𝗣𝗣
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၀ (ပညာရေးဆိုတာ အတ္တကိုပိုတိုးစေဖို့လား၊ လျော့ကျစေဖို့လား)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၀ (ပညာရေးဆိုတာ အတ္တကိုပိုတိုးစေဖို့လား၊ လျော့ကျစေဖို့လား)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၉ (ကိုယ်တိုင်ရှာဖွေသင်ယူတတ်သူ)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၉ (ကိုယ်တိုင်ရှာဖွေသင်ယူတတ်သူ)
  • လွတ်လပ်သော သင်ယူခြင်း – အခန်း- ၈ (အော်တာနေးတစ်ပညာရေးက ဘာတွေကိုတန်ဖိုးထားလဲ)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း- ၈ (အော်တာနေးတစ်ပညာရေးက ဘာတွေကိုတန်ဖိုးထားလဲ)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၇ (အိန္ဒိယနဲ့ထိုင်းကျေးရွာများက အော်တာနေးတစ် စာသင်ကျောင်း)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၇ (အိန္ဒိယနဲ့ထိုင်းကျေးရွာများက အော်တာနေးတစ် စာသင်ကျောင်း)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၆ (မြန်မာနိုင်ငံမှ ဖခင်တဦး၏ အော်တာနေးတစ်ပညာရေး)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၆ (မြန်မာနိုင်ငံမှ ဖခင်တဦး၏ အော်တာနေးတစ်ပညာရေး)
Copyright © 2025 Yattaw . All Rights Reserved.