Yattaw

School for Community Studies

  • HOME
  • LIBRARY
    • Audio Book
    • Article
    • Bookshelf
  • OUR PROGRAM
  • GALLERY
  • ABOUT
  • CONTACT
  • Home
  • -
  • library
  • -
  • တစ္ဆေ ပိုက်ကွန်များကို တားဆီးပါ။

တစ္ဆေ ပိုက်ကွန်များကို တားဆီးပါ။

  • By: yattaw
  • July 3, 2023
  • Comments off

ငါးဖမ်းလုပ်ငန်းဟာ ကမ္ဘာပေါ်ကလူဘီလီယံနဲ့ချီကို ကျွေးမွေးထားတဲ့အပြင် မရေတွက်နိုင်တဲ့ ပင်လယ်ကမ်းခြေ ဒေသများစွာရဲ့ စီးပွားရေးအတွက် အဓိကအရေးပါပါတယ်။ ဒါပေမဲ့ ရေရှည်အကျိုးကိုမကြည့်တဲ့ ငါးဖမ်းနည်းတွေက ပင်လယ်ပြင်ထဲက ပင်လယ်နေနို့တိုက်သတ္တဝါတွေ လိပ်တွေ နဲ့ ပင်လယ်ပျော်ငှက်တွေကို မလိုအပ်ဘဲ သေစေနိုင်တဲ့ ထောင်ချောက်တွေကို ပြန့်ကျဲစေပါတယ်။

တစ္ဆေငါးဖမ်းပိုက်လို့ခေါ်ကြတဲ့ စွန့်ပစ်ခံ၊ ပျောက်ဆုံးငါးဖမ်းကိရိယာတွေဟာ ပင်လယ် သမုဒ္ဒရာထဲမှာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာနဲ့ သိသိသာသာပါဝင်ပတ်သက်နေပါတယ်။ ၎င်းတစ္ဆေငါးဖမ်းပိုက် ထောင်ချောက်တွေ နဲ့ တခြားသော ငါးဖမ်းပစ္စည်းတွေဟာ ဖမ်းချင်တဲ့ ငါးအမျိုးအစားရော တခြားအမျိုးအစားတို့ကိုပါ ခွဲခြားမှုမရှိဘဲ နှစ်ပေါင်းများစွာ ဖမ်းဆီးနိုင်ဆဲဖြစ်လို့ လွန်စွာမှ အန္တရာယ်များပါသည်။ ယေဘုယျ ပြောရရင်တော့ ပင်လယ်ထဲကို စွန့်ပစ်လိုက်တဲ့ ငါးဖမ်းပိုက် အပိုင်းအစတွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် ပင်လယ်ရေအောက်မှာ ရောက်နေတဲ့ ငါးဖမ်းပိုက်တွေဟာ ရေနေသတ္တာဝါတွေနဲ့ ငြိတွယ်မိနေပြီး ရေနေသတ္တဝါ များစွာကို အကြီးအကျယ် ဒုက္ခပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ့ပယောဂကြောင့် မဟုတ်ဘဲ သူ့ဘာသာ ရေနေသတ္တဝါကို လိုက်ဖမ်းနေတဲ့ တစ္ဆေပိုက်ကွန်၊ တစ္ဆေငါးဖမ်းပိုက် လို့ ခေါ်ကြဟန်တူပါတယ်။

တစ္ဆေငါးဖမ်းပိုက်တွေကြောင့် အရေးပါတဲ့ အစားအစာအရင်းအမြစ်များအပြင် ရှားပါးပင်လယ်ငါးမျိုးစိတ်များ အပေါ် သက်ရောက်မှု ရှိပါတယ်။ ပင်လယ်ထဲရောက်နေတဲ့ ပလတ်စတစ်အပျက်အစီးတွေထဲမှာမှ တစ္ဆေငါးဖမ်းပိုက်တွေဟာ ရေနေသတ္တာဝါတွေကို အသတ်နိုင်ဆုံးသောအရာ အဖြစ် သတ်မှတ်ခံထားရပြီး အရေးကြီးတဲ့ ပင်လယ်စားကျက်နေရာများ၊ ရေနေသတ္တဝါများနဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေပါတယ်။ လူတွေဟာ ဒီတစ္ဆေငါးဖမ်းပိုက်များရဲ့ အန္တရာယ်ကို ဆယ်စုနှစ် များစွာကတည်းက သိလာခဲ့ကြပေမဲ့ ဒီနောက်ပိုင်းနှစ်တွေရောက်မှ တစ္ဆေငါးဖမ်းပိုက်ရဲ့ တကယ့်အပြည့်အဝ ဆိုးကျိုး သက်ရောက်မှုတွေကို နားလည်လာကြတာပါ။

ခန့်မှန်းခြေများအရ ပင်လယ်ပြင်ထဲရှိနေတဲ့ စွန့်ပစ်ပစ္စည်းများရဲ့ ၁၀ ရာခိုင်နှုန်းဟာ တစ္ဆေငါးဖမ်းပိုက်များ ဖြစ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း တန်ချိန် ၅ သိန်းမှ တစ်သန်းကြား အရေအတွက်ရှိတဲ့ ငါးဖမ်းပစ္စည်းကိရိယာတွေဟာ ပင်လယ် သမုဒ္ဒရာတွေထဲကို  စွန့်ပစ်ခြင်းခံနေရပါတယ်။ တစ္ဆေငါးဖမ်းပိုက်တွေဟာ ပင်လယ်နို့တိုက်သတ္တဝါတွေ၊ ပင်လယ်ပျော်ငှက်တွေ၊ ပင်လယ်လိပ်များနဲ့ တခြားသောမျိုးစိတ်များအပေါ်လည်း သက်ရောက်မှုရှိပြီး အသေအကျေ ပျက်စီးမှုကိုဖြစ်စေနိုင်ဆုံး အပျက်အစီး အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဥပမာအားဖြင့် မက္ကဆီကိုနိုင်ငံ ကယ်လီဖိုးနီးယားပင်လယ်ကွေ့အထက်ပိုင်းက စွန့်ပစ်ခံငါးဖမ်းပိုက်တွေဟာ  Vaquita လို့ခေါ်တဲ့ လင်းရှူးမျိုးစိတ်တွေ လျင်မြန်စွာမျိုးသုဉ်း ပျောက်ကွယ်နေမှုမှာ ပါဝင်ပတ်သက်နေပါတယ်။ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF) က အဲဒီကမ္ဘာ့အသေးဆုံး လင်းရှူးတွေကို ကယ်တင်ဖို့ရန်ကြိုးပမ်းချက်အနေနဲ့ ၆၂ တန် ပမာဏရှိသော ငါးဖမ်းပိုက်များကို ဖယ်ရှားခဲ့ ပေမဲ့လည်း လင်းရှုးအကောင်အရေ ၁၀ လောက်သာကျန်ပါတော့တာပါ။ တစ္ဆေငါးဖမ်းပိုက်တွေမှာ ဖမ်းမိတာ သို့မဟုတ် ငြိမိနေတဲ့ ရေနေသတ္တဝါများစွာဟာ အသက်ရှုမ၀မွန်းကြပ်ခြင်း ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်ခြင်းတွေ ကြောင့် တဖြည်းဖြည်းနာကျင်စွာသေဆုံးသွားတတ်ကြပါတယ်။ တစ္ဆေငါးဖမ်းပိုက်တွေဟာ သန္တာကျောက်တန်း၊ ဒီရေတောစတဲ့ တန်ဖိုးရှိတဲ့ပင်လယ်စားကျက်မြေတွေ အပေါ်မှာလည်း ဒုက္ခပေးနေတာပါ။ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ငါးဖမ်းပစ္စည်းကိရိယာများဟာ ပျက်စီးသွားဖို့အတွက် ဆယ်စုနှစ်များစွာသောအချိန်ကို ယူရပါတယ်။ ဆိုလိုတာက ၎င်းငါးဖမ်းပစ္စည်း ကိရိယာတွေဟာ အချိန်အကြာကြီးတည်ရှိပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနေတာပါ။

လေ့လာချက်တွေအရ တစ္ဆေငါးဖမ်းပိုက်တွေမှာ ဖမ်းမိတဲ့ ရေနေသတ္တဝါများရဲ့ ၉၀ ရာခိုင်နှုန်းဟာ စျေးကွက်မှာ တန်ဖိုးမရှိကြပါဘူး။ တစ္ဆေငါးဖမ်းပိုက်တွေကြောင့် ပင်လယ်စားကျက်‌မြေတွေကိုလျော့နည်းစေတာ သို့မဟုတ် ဖယ်ရှား စေတာတို့ကြောင့် ငါးဖမ်းလုပ်ငန်းရဲ့ ရေရှည်ထိန်းသိမ်းနိုင်မှု၊ တည်ငြိမ်မှုနဲ့ ငါးဖမ်းလုပ်ငန်းက ပြန်လည်ရရှိမယ့် အကျိုးအမြတ်တွေကို လျော့နည်းစေပါတယ်။ တစ္ဆေငါးဖမ်းပိုက်ကြောင့် ပင်လယ်ရေပြင်အတွင်း စုံစမ်းရှာဖွေမှုတွေကို အန္တရာယ်ဖြစ်စေခြင်းနဲ့ ငါးဖမ်းသမားများရဲ့ လုံခြုံမှုကိုလည်း ခြိမ်းခြောက်မှုဖြစ်စေပါတယ်။ နောက်ဆုံးအနေနဲ့ ပင်လယ်ထဲက တခြားအပျက်အစီးများလိုပဲ တစ္ဆေငါးဖမ်းပိုက်တွေဟာ ပင်လယ်ပြင်ရဲ့ သဘာဝအလှအပတွေကို ဖျက်စီးခြင်းအားဖြင့် ခရီးသွားလုပ်ငန်းအပါ် ထိခိုက်သက်ရောက်စေပါတယ်။

ဒါတွေကာကွယ်ဖို့အတွက် အရေးကြီးဦးစားပေးလုပ်ရမှာက ငါးဖမ်းကိရိယာတွေ ပျောက်ဆုံးခြင်းမှ ကာကွယ် တားဆီးလုပ်ဆောင်ဖို့ပါ။ ကြိုတင်ကာကွယ်တားဆီးတယ်ဆိုရာမှာ ငါးဖမ်းကိရိယာပြုလုပ်သူတွေအကြားမှာ အကောင်းဆုံးအလေ့အကျင့်တွေကို သိရှိလုပ်ဆောင်နိုင်အောင်ဖန်တီးပေးခြင်းကနေပြီး ရေလုပ်သားတွေကို ငါးဖမ်းကိရိယာ ပစ္စည်းများ စနစ်တကျစွန့်ပစ်ခြင်းစတဲ့ ကိစ္စရပ်များအတွက် အသိပညာပေးခြင်းအထိ စည်းမျည်းစည်းကမ်း အစီအမံတွေ စတင်လုပ်ဆောင်တာအထိ အကုန်ပါပါတယ်။

ငါးဖမ်းပစ္စည်းကိရိယာများဆုံးရှုံးမှုကို ကာကွယ်ဖို့နဲ့ ပြည့်စုံလုံလောက်ဆန်းသစ်တဲ့ ငါးဖမ်းကိရိယာတွေကို အသုံးပြုတာ၊ စွန့်ပစ်တာနဲ့ ပြန်လည်အသုံးပြုဖို့ ရွေးချယ်မှုတွေကို ဦးစားပေးသတ်မှတ်ဖို့ မူဝါဒတွေနဲ့ စည်းမျဉ်း တွေက ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေဖြစ်ပါတယ်။

ရှိပြီးသား တည်ဆဲဥပဒေတွေဟာ အပိုင်းပိုင်းကွဲပြားနေပြီး သိပ်ထိရောက်မှုမရှိကြပါဘူး။ ပြီးတော့   အ‌ရေးယူ ကိုင်တွယ်မယ့် နိုင်ငံတကာသဘောတူစာချုပ်မျိုး လက်ရှိအချိန်အထိ မရှိသေးပါဘူး။ နိုင်ငံ ၄၀ ကျော်က ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာတစ်ဝန်းက လူပေါင်းနှစ်သန်းကျော်ဟာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ပလတ်စတစ် ညစ်ညမ်းမှု သဘောတူညီချက်အတွက် တောင်းဆိုမှုမှာ ပါဝင်ခဲ့ကြပြီးဖြစ်ပါတယ်။ ပီရူးနိုင်ငံရဲ့ ဒေသတချို့က အကြီးစားငါးဖမ်းလုပ်ငန်းအုပ်စုတွေနဲ့ လက်လုပ်လက်စားငါးဖမ်းသမားတွေဟာ ဆက်လက်အသုံးပြုလို့မရနိုင်တော့တဲ့ ငါးဖမ်းပစ္စည်းကိရိယာတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ ပလတ်စတစ်အရုပ်များနဲ့ အဝတ်အထည်များအဖြစ် ပြောင်းလဲ ရောင်းချပြီး အမြတ်ခွဲဝေမှု အစီအစဉ်တစ်ခုအဖြစ်  လုပ်ဆောင်နေတဲ့ တိုးတက်မှုမျိုးတချို့တော့ ရှိလာပါတယ်။ ဒါပေသိ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေမှာ ထင်ထင်ရှားရှား ကွာဟချက်တွေ ရှိနေသေးပြီး လက်ရှိမူဘောင်များဟာ ရှင်းလင်းတိကျတဲ့ ကမ္ဘာလုံးဆိုင်ရာ ပစ်မှတ်များ မရှိသေးပါဘူး။

ကိုးကား – https://www.worldwildlife.org/projects/stopping-ghost-gear

Related posts:

  1. ကိုယ်ထိလက်ရောက် အပြစ်ဒဏ်ပေးခြင်း၏ အကျိုးဆက်များ
  2. ဒီရေတောတွေက ဘာကြောင့်အရေးပါတာလဲ။
  3. သဘာဝဂေဟဝန်းကျင်ကိုပျက်သုဉ်းစေခြင်းဆိုသည်
  4. စားနပ်ရိက္ခာ ဖူလုံရေး
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၀ (ပညာရေးဆိုတာ အတ္တကိုပိုတိုးစေဖို့လား၊ လျော့ကျစေဖို့လား)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၁၀ (ပညာရေးဆိုတာ အတ္တကိုပိုတိုးစေဖို့လား၊ လျော့ကျစေဖို့လား)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၉ (ကိုယ်တိုင်ရှာဖွေသင်ယူတတ်သူ)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၉ (ကိုယ်တိုင်ရှာဖွေသင်ယူတတ်သူ)
  • လွတ်လပ်သော သင်ယူခြင်း – အခန်း- ၈ (အော်တာနေးတစ်ပညာရေးက ဘာတွေကိုတန်ဖိုးထားလဲ)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သော သင်ယူခြင်း – အခန်း- ၈ (အော်တာနေးတစ်ပညာရေးက ဘာတွေကိုတန်ဖိုးထားလဲ)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၇ (အိန္ဒိယနဲ့ထိုင်းကျေးရွာများက အော်တာနေးတစ် စာသင်ကျောင်း)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၇ (အိန္ဒိယနဲ့ထိုင်းကျေးရွာများက အော်တာနေးတစ် စာသင်ကျောင်း)
  • လွတ်လပ်သောသင်ယူခြင်း – အခန်း – ၆ (မြန်မာနိုင်ငံမှ ဖခင်တဦး၏ အော်တာနေးတစ်ပညာရေး)
    Freedom Learner – An introduction to alternative education is the work of Sayar Naw Aung, an author and farmer working on environmental issues. He has written several books and articles focused on the importance of the health of our mother planet Earth. Freedom Learner is a short introduction to alternative education that is more looking… Read more: လွတ်လပ်သောသင်ယူခြင်း – အခန်း – ၆ (မြန်မာနိုင်ငံမှ ဖခင်တဦး၏ အော်တာနေးတစ်ပညာရေး)
Copyright © 2025 Yattaw . All Rights Reserved.